ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

မုန်တိုင်းသတင်းအထူးကြေငြာချက်


http://popularmyanmar.com/mpaper/wp-content/uploads/2010/10/megi-typhoon.jpg


ယောက်ယက်ခတ်နေတဲ့ပဟေဋိတွေ
လမ်းကြောင်းအတိုင်းမှေးမှိန်သွားတဲ့အခါ
ရိုးသားမှုဟာသူတော်ကောင်းတရားပေါ
အမှန်တရားကတော့ဝေဒနာတစ်ခုပဲ
အခြားလူတွေနဲ့အခြား
အကြောင်းတွေထားလိုက်တော့
အားလုံးမြစ်ကိုဖြတ်ခဲ့ကြတယ်
အားလုံးတောင်ကိုကျော်ခဲ့ကြတယ်
သိစရာကအခြေအနေကောင်းလွန်းရင်
အခြေအနေမကောင်းတော့ဘူးပဲ
ငါမပြောမိတာရှိမယ်ငါမပြောတတ်တာရှိမယ်
ငါမပြောချင်တာရှိမယ်ငါပြောတာကတော့အမှန်ပဲ
ဟောဒါက အသက် တစ်ရာ
မေနရတဲ့ ကမ ၻာ
ဟောဒါက
 အမှုတစ်ရာ
ပွေကြတဲ့
ကမ္ဘာဆိုသမို့
သတိပေးချက်မရှိပဲ
ချက်ချင်းဖြစ်တဲ့အမှောင်
သတိပေးချက်မရှိပဲချက်ချင်းဖြစ်တဲ့အလင်း
ရင်းချင်တာတွေ ရင်းပြီး နင်းချင်တာတွေနင်းခဲ့ကြပေရော့
မုန်တိုင်းသတင်းအထူးကြေငြာချက်ကြောင့်လပြည့်ညကို ကျော်သွားလို့မှ မရတာ

သံယောဇဉ်

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ပင်လယ်ရဲ့ ၀ိသေသ
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ကောင်းကင်ရဲ့တိမ်မျှင်တိမ်စ
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ပင့်ကူတစ်ကောင်ရဲ့ အသိုက်အမြုံ

သံယောဇဉ်တိုတာ ဖြတ်ဖို့ခက်တဲ့ စွန်တစ်ခုရဲ့ ရစ်ဘီး
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ အိမ်တစ်လုံးရဲ့ အမိုးအကာ
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ဦးခေါင်းတစ်လုံးရဲ့ ဆံချည်ဆံထွေး

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ မိသားစုရဲ့နိဗ္ဗာန်
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ တောတောင်တစ်ခုရဲ့စိမ်းလန်းရာ

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ဟေမာန်ဦးရဲ့ နှင်းရည်နှင်းစက်
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ဂိမာန်နွေရဲ့ ရွက်ဝါတော

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ၀ဿာန်ဥတုရဲ့ မိုးစက်မိုးပွင့်
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ချစ်ခြင်းရဲ့ နှလုံးသားရပ်ဝန်း

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ အမှားပုဒ်စာရဲ့ နောင်တ တရား
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ဥပေက္ခာရဲ့ အမိုက်အမှောင်

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ နားလည်ခြင်း ၀တ်မှုရဲ့ဇာတိ
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ယုံကြည်ခြင်းရဲ့ အခြေခံအုတ်မြစ်

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ သေခြင်းတရားရဲ့ဆန့်ကျင်ဘက်
သံယောဇဉ်ဆိုတာ ဘယ်သူ့ခံယူချက်နဲ့မှ အသက်မရှင်တဲ့ တသီးတခြား ပစ္စုပ္ပန်ဘဝ

သံယောဇဉ်ဆိုတာ အနာဂတ်ရဲ့ အိပ်မက်တစ်ခုမှ
သံယောဇဉ်ဆိုတာ သူငယ်ချင်းတွေကို ချစ်ခင်တတ်သူတစ်ယောက်ပါ

သံ ယော ဇဉ် ဆို တာ
ငါ အ ကြောက် လန့် ဆုံး တ စ္ဆေ တစ် ကောင် ပေါ့